နိုင်ငံပေါင်း ၁၅၄ ကျော်ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ Start up လုပ်ငန်းများ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ GSA (Global Startup Awards) ကတော့ နိုင်ငံတကာမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ နည်းပညာဆန်းသစ်တီထွင်မှုများ၊ လုပ်ငန်းရှင်များလိုအပ်တဲ့ အရင်းအမြစ်များနှင့် စီးပွားရေးစနစ်များကို မြှင့်တင်ပေးမယ့် Global Startup Awards (GSA) Competition တစ်ခု ဖြစ်ပါတယ်။
မြန်မာစီးပွား ရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) သည် မြန်မာနိုင်ငံ ကိုယ်စားပြု တရားဝင်ကိုယ်စားလှယ်အဖြစ် ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ အဆန်းသစ်ဆုံး စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို နိုင်ငံတကာကွန်ရက်များ၊ တန်ဖိုးရှိတဲ့ အရင်းအမြစ်များ၊ တိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်တဲ့ အခွင့်အလမ်းများနဲ့ ချိတ်ဆက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ Start up လုပ်ငန်းများရဲ့ စီးပွားရေးစနစ်ကို ကမ္ဘာ့အဆင့်ထိပါ ဖော်ထုတ်ပြသနိုင်အောင် အားပေး မြှင့်တင်ပေးနိုင်ဖို ရည်ရွယ်ထားပါတယ်။
ဒီအခွင့်အရေးကနေတစ်ဆင့် မြန်မာစီးပွား ရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) အနေနဲ့ Global Startup Awards (GSA) official Launch event ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။
Date: 22nd March 2025 (Saturday)
Time: 2:00 PM – 4:00 PM
Place: Pan Pacific Hotel (Pacific Ballroom 1)
Format: Hybrid (in-person and online)
RSVP Form : https://forms.gle/6hTPqCAvV7XHxn9L6
သိုဖြစ်ပါ၍ GSA program တွင် ပါဝင်လျှောက်ထားဖို့ စိတ်ဝင်စားသော အနယ်နယ်အရပ်ရပ်မှ Startup လုပ်ငန်းတွေအနေနဲ့ရော လျှောက်ထားဆဲ/ပြင်ဆင်နေသော startup များ entrepreneurs များအနေနှင့် လိုအပ်တဲ့ သတင်းအချက် အကြောင်းအရာတွေရရှိဖို အတွက် MYANWEN မှ ဦးစီး ကျင်းပပြုလုပ်ပေးသွားမယ့် ဒီ launch event ကို တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒီ GSA Launch Event မှာဆိုရင်တော့
– GSA Edition 11 ကို မိတ်ဆက်ပေးခြင်း
– GSA မှာ ပါဝင်သွားမယ့် Ambassadors တွေ၊ EcoSystem Partners တွေကို မိတ်ဆက်ပြီး ဆွေးနွေးနိုင်မယ့် အခွင့်အရေး
– GSA Edition 10 မှာ ပါဝင်ခဲ့ကြဖူးတဲ့ လုပ်ငန်းရှင်များမှလည်း အတွေ့အကြုံတွေကို မျှဝေပေးမှာဖြစ်လို့ GSA Edition 11 မှာ ပါဝင်လျှောက်ထားဖို့ စိတ်ဝင်စားသူများအာလုံး တက်ရောက်ရန် ထပ်မံ ဖိတ်ခေါ်လိုက်ရပါတယ်။
MYANWEN အနေနဲ့ လည်း startup လုပ်ငန်းများတိုးတက်ပြောင်းလဲမှု ခြေလှမ်းတိုင်းအတွက် ပံ့ပိုးကူညီပေးဖို့ အမြဲအသင့်ရှိနေပါတယ်။