မြန်မာစီးပွါးရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ Brand Ambassador အဖြစ် မြန်မာ့လက်ရွေးစင် No.1 ကြက်တောင် အားကစားသမား မသက်ထားသူဇာ ကို ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၅ ရက်နေ့မှာ MYANWEN ရုံးချုပ်မှာ လက်မှတ်ရေးထိုးကာ ဂုဏ်ယူစွာ ခန့်အပ်ခဲ့ပါတယ်။
ကဏ္ဍ အသီးသီးမှာ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတွေတိုးတက်လာစေရန်နှင့် မသက်ထားသူဇာကို အတုယူပြီး ဘက်စုံထူးချွန်သူအမျိုးသမီးလေးများစွာ ပေါ်ထွန်းလာနိုင်စေရန်ရည်ရွယ်ကာ Brand Ambassador အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
MYANWEN အသင်းကြီးရဲ့ Brand Ambassador ဖြစ်သူ မသက်ထားသူဇာ သည် အသက် (၇) နှစ်သမီး အရွယ်ကတည်းကကြက်တောင်အားကစားကို စတင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်ဟောင်း ဖခင်ဖြစ်သူ နည်းပြ အဖြစ်သွားရောက်လုပ်ကိုင်ခဲ့တဲ့ ထိုင်းနိုင်ငံမှာလေ့ကျင့်ပြီး နေထိုင်ခဲ့ပါတယ်။ မြန်မာပြည်သို့ (၁၁)နှစ် အရွယ်မှာ ပြန်လည်ရောက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားပြုအနနဲ့ အင်ဒိုနီးရှား sea game မှာ Professional အနေနဲ့ ကြက်တောင် စရိုက်ခဲ့ပါတယ်။ မသက်ထားသူဇာ သည် Myanmar National No.1 အနေ နဲ့ 2012 ခုနှစ်ကနေ ယခုအချိန်အထိ ၁၀ ကြိမ် တိတိရရှိ ထားပါတယ်။ National ပြိုင်ပွဲတွေအနေနဲ့ဆိုရင်တော့ မသက်ထားသူဇာသည် ရွှေတံဆိပ် (၈) ခု၊ ငွေတံဆိပ် (၄) ဆုနဲ့ ကြေးတံဆိပ် (၅)ဆု တို့ကိုရရှိထားသူတစ်ဦးဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးချင်းကမ္ဘာ့အဆင့်သတ်မှတ်ချက် ၄၈ အထိ ရောက်ရှိအောင်မြင်ခဲ့ပြီး ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်၊ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ် အားကစားပြိုင်ပွဲတွေမှာပါ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်နိုင်ခဲ့တဲ့ မြန့်မာဂုဏ်ဆောင် ကြက်တောင် အားကစားမယ်တစ်ဦးဖြစ်ပါတယ်။
မသက်ထားသူဇာလို ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို MYANWEN အသင်းကြီးရဲ့ Brand Ambassador အဖြစ် ခန့်အပ်နိုင်ခဲ့ပြီး အသင်းကြီးရဲ့ ရှေ့လုပ်ငန်းစဥ်များမှာ အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။