“Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ်နည်းပညာသုံး ဘက်စုံ အောင်မြင်စီးပွားရေးလုပ်ငန်းရှင်အစီအစဉ်” (IDEP) ၏ My Digital Transformation Journey (Final Pitching) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဝမ်းမြောက်စွာ ဂုဏ်ယူအပ်ပါသည်။
မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးပြီး Main Program Partner အဖြစ် Prudential Myanmar Life Insurance မှ ပူးပေါင်းပါဝင်ထားသည့် “Inclusive Digital Initiative Women in Manufacturing Entrepreneurship Program” ၏ My Digital Transformation Journey (Final Pitching) ပြိုင်ပွဲအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လ (၅) ရက်နေ့တွင် UMFCCI (မင်္ဂလာခန်းမ) တွင်ကျင်းပခဲ့ပြီးနောက် Award Ceremony & Certification of Completion အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် Chatrium Hotel Royal Lake Yangon (Grand Balloom) တွင် ဆက်လက်ကျင်းပခဲ့ပြီး စကာတင် (၁၇) ဦးအနက်မှ (၄) ဦးသည် အောက်ပါ Award Titles များအား ဆွတ်ခူး ရရှိခဲ့ကြပါသည်။
Digital Visionary Award ဆုအား
Ma Zin Khine Myint (Director, Nature Farm ) မှ လည်းကောင်း၊
Prudential Myanmar Life Insurance မှ ချီးမြှင့်သည့် Smart Business Award ဆုအား Ma Ei Ei Win (Managing Director, Nay Pyi Taw Pone Yate Thit) မှလည်းကောင်း၊
သုဇာတာဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် Smart Business Award ဆုအား Ma Hnin Yu Yu Aung (Founder and Main Teacher, Pu TuTuu Education Center, AVANTY Co., Ltd) မှလည်းကောင်း၊
Digital Integration Award ဆုအား
Ma Win Myat Thu (Co-founder, Trust Delivery Service) မှ လည်းကောင်း၊
အသီးသီးထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားသည်အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၃) ကြိမ်မြောက်နှစ်ပတ်လည်...
ဆက်ဖတ်ရန်𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 (𝗠𝗬𝗔𝗡𝗪𝗘𝗡)...
ဆက်ဖတ်ရန်