အာဆီယံ စီးပွားရေးထူးချွန်ဆု (ASEAN Business Award 2024) ဆုရရှိခဲ့ကြသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – MYANWEN ၏ အသင်းဝင်နှစ်ဦးဖြစ်သည့် မမေနှင်းဝေ (Co Founder & Managing Director- Healthy & Happy Myanmar Co., Ltd)နှင့် မထူးသန့်စင် (Managing Director-Bay Dar & Co, Principal HR Consultant, Panellist Business Services) တို့အား အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း

8 November 2024

အာဆီယံ စီးပွားရေးထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် Vientiane, Lao PDR ရှိ Don Chan Palace Hotel တွင် ကျင်းပခဲ့ရာ MYANWEN အသင်းဝင် (၂) ဦးဖြစ်ကြသည့်

📣 မမေနှင်းဝေ (Co Founder & Managing Director- Healthy & Happy Myanmar Co., Ltd) သည် Priority Integration Sector (PIS) တွင် Food and Beverages (SME) ဆု

📣 မထူးသန့်စင် (Managing Director-Bay Dar & Co, Principal HR Consultant, Panellist Business Services)သည် ASEAN Business Award 2024 ၏ Special Awards Category တွင် Skill Development ဆုများကို ထိုက်တန်စွာ ရရှိခဲ့ကြသည့် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

🏆 အာဆီယံ စီးပွားရေးထူးချွန်ဆုသည် ကမ္ဘာ့အသိအမှတ်ပြဆုဖြစ်ပြီး၊ ဆုရရှိသူများအနေဖြင့် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခွင့်အလမ်းများရရှိခြင်း၊ ဒေသတွင်း ချိတ်ဆက်မှုများနှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေနိုင်ခြင်း၊ ကွန်ယက်ချဲ့ထွင်နိုင်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ကို မြှင့်တင်ရန် အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ယခုရရှိသည့် ထူးချွန်ဆုသည် အာဆီယံအသိုက်အဝန်းရှိ အခြားသူများကိုလည်း ကြိုးပမ်းရန် လှုံ့ဆော် ပေးသကဲ့သို့ဆက်လက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#myanwen

Related Articles

21 November 2024

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်
21 November 2024

စွန့်ဦးတီထွင် ရက်သတ္တပတ် “Global...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entreprenerus Network...

ဆက်ဖတ်ရန်
8 November 2024

အာဆီယံ စီးပွားရေးထူးချွန်ဆု (ASEAN...

အာဆီယံ စီးပွားရေးထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ...

ဆက်ဖတ်ရန်