“Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ်နည်းပညာသုံး ဘက်စုံ အောင်မြင် စီးပွားရေးလုပ်ငန်းရှင်အစီအစဉ်” (IDEP) ၏ My Digital Transformation Journey (Final Pitching) ပြိုင်ပွဲနှင့် Award Ceremony & Certification of Completion အခမ်းအနား

9 October 2024

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးပြီး Main Program Partner အဖြစ် Prudential Myanmar Life Insurance မှ ပူးပေါင်း ပါဝင်ထားသည့် “Inclusive Digital Initiative Women in Manufacturing Entrepreneurship Program” ၏ My Digital Transformation Journey (Final Pitching) ပြိုင်ပွဲအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် UMFCCI (မင်္ဂလာခန်းမ) ၌ ကျင်းပခဲ့ပြီး Award Ceremony & Certification of Completion အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့ တွင် Chatrium Hotel Royal Lake Yangon (Grand Ballroom) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

“Inclusive Digital Initiative Women in Manufacturing Entrepreneurship Program” ၏ My Digital Transformation Journey (Final Pitching) ပြိုင်ပွဲ အခမ်းအနားကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးအေးဝင်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာ ဦးနေ အုပ်(စိန်ပေါလ်)နှင့် ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့မှ ဝမ်းမြောက်အမှာစကား ပြော ကြားခဲ့ပြီး၊ Prudential Myanmar Life Insurance ၏ Associate Director (Government Relationship) ဦးတင်ထွန်းဇော်၊ Chatrium Hotel Royal Lake Yangon ၏ General Manager ဒေါ်မေမြတ်မွန်ဝင်း၊ AYA Bank PCL ၏ Head of Innovation Lab ဦးဖြိုးမင်းသူတို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ အလုပ်အမှုဆောင်၊ Inclusive Digital entrepreneurship program ၏ Program Lead – ဒေါ်ဝင်းလဲ့မြရည်စံ မှ “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေး လုပ်ငန်းရှင် အစီအစဉ် ” ဆောင်ရွက်ခဲ့သည့်အပိုင်းနှင့် ချီးမြှင့်မည့်ဆုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

My Digital Transformation Journey (Final Pitching) ပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီးများအဖြစ်

၁) ဦးအောင်ဇေယျာလွင် – Joint Secretary General, UMFCCI and President, Myanmar Digital Economy Association (MDEA)

၂) ဦးမင်းမြတ်စိုးမိုး – MDEA Advocacy Committee Chair

၃) ဒေါက်တာကျော်ဖြိုးလင်း – Secretary of Myanmar Computer Industry Association (MCIA, Yangon)

၄) ဒေါ်ရွှေရည်ဝင်း – Strategic Partnership Lead, Prudential Myanmar Life Insurance Limited

၅) ဦးအောင်စည်သူကျော် – Head of Digital Products Development, AYA Bank

၆) ဒေါ်မေမြတ်မွန်ဝင်း – General Manager of Chatrium Hotel Royal Lake Yangon တို့မှ ဆောင် ရွက်ပေးခဲ့ကြပါသည်။

ထို့နောက် “Inclusive Digital Initiative Women in Manufacturing Entrepreneurship Program” တွင် ပါဝင် ပံ့ပိုးပေးခဲ့ကြသည့် Speakers များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ Service Providers များနှင့် အကဲဖြတ် ဒိုင်လူကြီးများကို အမှတ်တရ လက်ဆောင် များပေးအပ်ကာ သင်တန်းသူ/သင်တန်းသားများ အား သင်တန်းပြီးဆုံးကြောင်း Certification of Completion လက်မှတ်များ ချီးမြှင့်ကာ My Digital Transformation Journey (Final Pitching) ပြိုင်ပွဲ၏ Award Titles များအား ချီးမြှင့်ခဲ့ရာ

🏆 Team Award ဆုအား Innovator Team – Blue Team မှ လည်းကောင်း၊

🏆 Digital Visionary Award ဆုအား

Ma Zin Khine Myint (Director, Nature Farm ) မှ လည်းကောင်း၊

🏆 Prudential Myanmar Life Insurance မှ ချီးမြှင့်သည့် Smart Business Award ဆုအား Ma Ei Ei Win (Managing Director, Nay Pyi Taw Pone Yate Thit) မှလည်းကောင်း၊

🏆 သုဇာတာဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် Smart Business Award ဆုအား Ma Hnin Yu Yu Aung (Founder and Main Teacher, Pu TuTuu Education Center, AVANTY Co., Ltd) မှလည်းကောင်း၊

🏆 Digital Integration Award ဆုအား

Ma Win Myat Thu (Co-founder, Trust Delivery Service) မှ လည်းကောင်း၊

🏆 Team Award ဆုကို Innovator House (Blue Team) တို့မှ

အသီးသီးထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားကြပြီး၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ၏ ဒေသအသီးသီးမှ ပြည်တွင်းထုတ်ကုန် ပစ္စည်းများကိုလည်း ခင်းကျင်းပြသ ရောင်းချပေးခဲ့ရာ တက်ရောက်လာကြသည့် လူကြီးများနှင့် ဧည့်သည်များမှ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

#myanwen

Related Articles

9 October 2024

“Inclusive Digital Initiative...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar...

ဆက်ဖတ်ရန်
8 October 2024

A Huge Congratulations...

“Inclusive Digital Initiative Entrepreneurship Program”...

ဆက်ဖတ်ရန်
4 October 2024

“𝗜𝗻𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗜𝗻𝗶𝘁𝗶𝗮𝘁𝗶𝘃𝗲...

“ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံ အောင်မြင်စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်”...

ဆက်ဖတ်ရန်