မြန်မာ့ပြည်တွင်းချည်ထည်လုပ်ငန်းလုပ်ကိုင်ကြသူများ၊ ချည်ထည်ပစ္စည်းများ ထုတ်လုပ်ရောင်း ချနေကြသူများနှင့် ရက်ကန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြသူများအား
ထုတ်ကုန်ဒီဇိုင်းများ ဖန်တီးနိုင်စေရန်၊
ထုတ်လုပ်မှု အရည်အသွေးနှင့် ကုန်ထုတ်စွမ်းအားများပိုမိုတိုးတက်လာစေရန်
ထုတ်လုပ်မှုလုပ်ငန်းစဉ်များရေးဆွဲ အကောင်အထည်ဖော်နိုင်စေရန်နှင့်
အရည်အသွေးမြင့်မားပြီး ဆန်းသစ်သော ဒီဇိုင်းများကို စျေးကွက်သို့ ထုတ်လုပ်ရောင်းချနိုင်စေရန် ရည်ရွယ်၍ ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းရှင်များအတွက် “ဆန်းသစ် တီထွင် ချည်ထည်ဒီဇိုင်းနှင့် ထုတ်လုပ်မှုမြင့် မားရေးအစီအစဉ်”-“Innovative Textile Design and Production Program” (Batch-5) ကို ကမ္ဘာအေးဘုရား လမ်းရှိ မြန်မာနိုင်ငံ အလှကုန်အသင်းရုံးချုပ် ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ အောင်မြင်စွာကျင်းပခဲ့ပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) နှင့် BayDar & Co နှင့်ပူးပေါင်းပြီး “ဆန်းသစ် တီထွင် ချည်ထည် ဒီဇိုင်းနှင့် ထုတ်လုပ်မှုမြင့် မားရေးအစီအစဉ်”-“Innovative Textile Design and Production Program” အား Batch (5) အထိ တက်ရောက်သူ သင်တန်းသား/ သင်တန်းသူပေါင်း (၁၅၀) ခန့်မှ စိတ်ဝင်စားစွာသင်ယူကြ၍ လက်တွေ့လေ့ကျင့်ဆောင်ရွက်ခြင်းများကို တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၃) ကြိမ်မြောက်နှစ်ပတ်လည်...
ဆက်ဖတ်ရန်𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 (𝗠𝗬𝗔𝗡𝗪𝗘𝗡)...
ဆက်ဖတ်ရန်