International Women’s Day (IWD) 2025” အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် Business and Professional Women Federation Myanmar (BPW Myanmar) တို့မှဦးစီးကျင်းပကာ Collaboration Partner အဖြစ် City Mart Holding Co., Ltd, Venue partner အဖြစ် Lotte Hotel တို့မှ ပူးပေါင်း ပါဝင်ပံ့ပိုးထားသည့် “Women in Action” အခမ်းအနားကို ၂၀၂၅ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် Lotte Hotel, Crystal Ballroom ၌ စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်ခဲ့ပါသည်။
IWD 2025 အခမ်းအနားတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် International Federation of Business and Professional Women (BPW Myanmar)၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ အဖွင့် အမှာစကားပြောကြားပြီး City Mart ၏ Founder, City Holdings ၏ Group CEO ဒေါ်ဝင်းဝင်းတင့်မှ အမှာစကားပြောကြားခဲ့ကြပါသည်။
ထို့နောက် IWD 2025 ရဲ့ Highlight တစ်ခုဖြစ်တဲ့ Industrial မျိုးစုံမှ အောင်မြင်နေတဲ့ အမျိုးသမီးများ၏ စကားသံ Video ကို တင်ဆက်ပြသပေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့လက်ရွေးစင် No.1 ကြက်တောင် အားကစားသမား မသက်ထားသူဇာ ကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီများကွန်ယက် – Myanmar Women Entrepreneurs Network –MYANWEN ၏ Brand Ambassador အဖြစ် ခန့်အပ်ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့နောက် မြန်မာ့လက်ရွေးစင် No.1 ကြက်တောင်အားကစားသမား မသက်ထားသူဇာ၊ Professional အပြေးအားကစားသမား မမြင့်မြင့်အေး၊ Plan Bee Social Enterprise ၏ Chief Executive Officer မသီတာဝင်း၊
Bay Dar & Co Limited ၏ Managing Director မထူးသန့်စင်၊ Ladybella made in Myanmar ၏ Co- Founder နှင့် Creative and Design Director မခင်စုလှိုင်၊ JUVENUS Medical Aesthetics & Wellness ၏ Founder, Director Dr. Nixie Ying Voh Kham နှင့် Flawless Myanmar Co.,Ltd. ၏ Director မလွင်မာအောင် တို့မှ Inspiring Talk ကို ပြောကြားသွားခဲ့ပါသည်။
ထို့အပြင် နယ်ပယ်အသီးသီးရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ ဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်အစရှိသည့်ပစ္စည်းများ ခင်းကျင်းပြသထားသည့် MYANWEN Marketplace ကိုလည်း တက်ရောက်လာကြသည့် ဧည့်သည်တော် များမှ စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြပါသည်။ “International Women’s Day (IWD) 2025” Women In Action အခမ်းအနားအား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကပါဝင်ပံ့ပိုးခဲ့ကြသည့် Collaboration Partner အဖြစ် City Mart Holding Co., Ltd, Venue Partner အဖြစ် Lotte Hotel တို့နှင့်အတူ ပံ့ပိုးကူညီထားကြသည့် စိန်နန်းတော် Diamonds & Fine Jewelry, Treasure Star၊ နှစ်သက် မြေပဲဆီ၊ ချိုမာဆန်ပွဲရုံ၊ Paul Mitchell & Sothys၊ နေပြည်တော်ပုံရိပ်သစ်၊ Honey House၊ Plan Bee၊ မောရွှေမြေ၊ Rohto၊ နှင့်iORA တို့မှ ပံ့ပိုးပါဝင်လုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။