Made In Myanmar Local Product Fair

23 June 2024

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 – 𝗠𝗬𝗔𝗡𝗪𝗘𝗡 (မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် ) ၏ (၂၅ ) ကြိမ်မြောက် ကျင်းပမည့် Made In Myanmar Local Product Fair ✨✨

✨✨𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 – 𝗠𝗬𝗔𝗡𝗪𝗘𝗡 (မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် )မှ စီစဉ်ပြီး The Official Banking Partner အဖြစ် AYA Bank နှင့် Venue Partner အဖြစ် Junction Square တို့မှ ပူးပေါင်းပါဝင် ထားသည့် (၂၅ ) ကြိမ်မြောက် Made In Myanmar Local Product Fair ကို Junction Square, Promotion Area – Aqua Hall မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီ ဖြစ်ပါတယ်။

🔹Made In Myanmar Local Product Fair ဆိုတဲ့ အတိုင်း မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်သော အရည်အသွေးမြင့် စိတ်ဝင်စားစရာ မြန်မာ့ရိုးရာစားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများ ပါဝင်သည့် ကုန်အမှတ် တံဆိပ်ပေါင်း များစွာမှ မြိုင်ဆိုင်စွာ ပါဝင်ပြသရောင်းချပေးနေပြီ ဖြစ်ပါတယ်။

🛖 တည်နေရာ : Junction Square, Promotion Area – Aqua Hall

🗓️ နေ့ရက် : 23.6.2024 မှ 28.6.2024

🕗 အချိန် : နံနက် (၉) နာရီ မှ ည (၇) နာရီ ထိ

Made In Myanmar Local Product Fair ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ –

🔹ပြည်တွင်းရှိ 𝗠𝗦𝗠𝗘 လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်

🔹ပြည်တွင်းဖြစ်ပစ္စည်းများ ပြည်တွင်းသာမက ပြည်ပ ဈေးကွက်များ အထိပါ ထိုးဖောက် ချဲ့ထွင်ပြီး ဈေးကွက်ရရှိလာစေရန်

🔹မိမိတို့ကုန်ပစ္စည်းများ ခိုင်မာသောကုန်အမှတ်တံဆိပ်တစ်ခုအနေဖြင့် ဈေးကွက်နေရာ ရလာစေရန် နှင့်

🔹ဈေးကွက်လိုအပ်ချက်အရ အဆင့်မှီပြီး ရေရှည် တည်တံ့သော လုပ်ငန်းများ ဖြစ်လာစေရန် တို့ဖြစ်ပါတယ်ရှင်။

#myanwen

#myanwenmarketplace

Related Articles

9 October 2024

“Inclusive Digital Initiative...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar...

ဆက်ဖတ်ရန်
8 October 2024

A Huge Congratulations...

“Inclusive Digital Initiative Entrepreneurship Program”...

ဆက်ဖတ်ရန်
4 October 2024

“𝗜𝗻𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗜𝗻𝗶𝘁𝗶𝗮𝘁𝗶𝘃𝗲...

“ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံ အောင်မြင်စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်”...

ဆက်ဖတ်ရန်