Made In Myanmar Local Product Fair

22 July 2024

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 – 𝗠𝗬𝗔𝗡𝗪𝗘𝗡 (မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် ) ၏ (၂၆ ) ကြိမ်မြောက် Made In Myanmar Local Product Fair ✨✨

✨✨𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 – 𝗠𝗬𝗔𝗡𝗪𝗘𝗡 (မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် )မှ စီစဉ်ပြီး The Official Banking Partner အဖြစ် AYA Bank နှင့် Venue Partner အဖြစ် Junction City တို့မှ ပူးပေါင်းပါဝင် ထားသည့် (၂၆ ) ကြိမ်မြောက် Made In Myanmar Local Product Fair ကို Junction City, Promotion Area – Level-2 မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီ ဖြစ်ပါတယ်။

🔹Made In Myanmar Local Product Fair ဆိုတဲ့ အတိုင်း မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်သော အရည်အသွေးမြင့် စိတ်ဝင်စားစရာ မြန်မာ့ရိုးရာစားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများ ပါဝင်သည့် ကုန်အမှတ် တံဆိပ်ပေါင်း များစွာမှ မြိုင်ဆိုင်စွာ ပါဝင်ပြသရောင်းချပေးနေပြီ ဖြစ်ပါတယ်။

🛖 တည်နေရာ : Junction City, Promotion Area – Level-2

🗓️ နေ့ရက် : 22.7.2024 မှ 26.7.2024

🕗 အချိန် : နံနက် (၉) နာရီ မှ ည (၇) နာရီ ထိ

Made In Myanmar Local Product Fair ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ –

🔹ပြည်တွင်းရှိ 𝗠𝗦𝗠𝗘 လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်

🔹ပြည်တွင်းဖြစ်ပစ္စည်းများ ပြည်တွင်းသာမက ပြည်ပ ဈေးကွက်များ အထိပါ ထိုးဖောက် ချဲ့ထွင်ပြီး ဈေးကွက်ရရှိလာစေရန်

🔹မိမိတို့ကုန်ပစ္စည်းများ ခိုင်မာသောကုန်အမှတ်တံဆိပ်တစ်ခုအနေဖြင့် ဈေးကွက်နေရာ ရလာစေရန် နှင့်

🔹ဈေးကွက်လိုအပ်ချက်အရ အဆင့်မှီပြီး ရေရှည် တည်တံ့သော လုပ်ငန်းများ ဖြစ်လာစေရန် တို့ဖြစ်ပါတယ်ရှင်။

#myanwen

#myanwenmarketplace

Related Articles

4 November 2024

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
2 November 2024

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
28 October 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

မြန်မာ့ပြည်တွင်းချည်ထည်လုပ်ငန်းလုပ်ကိုင်ကြသူများ၊ ချည်ထည်ပစ္စည်းများ ထုတ်လုပ်ရောင်း ချနေကြသူများနှင့် ရက်ကန်းဖြင့်...

ဆက်ဖတ်ရန်