မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) သည် Pan Pacific Yangon နှင့် လည်းကောင်း၊ Rakuten Viber နှင့်လည်းကောင်း နားလည်မှု စာချွန်လွှာကို အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဈေးကွက်အခွင့်အလမ်းများ ရရှိစေနိုင်ရေးတို့ကို အဓိက ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် Pan Pacific Yangon (Pacific Ballroom) တွင် လက်မှတ်ရေး ထိုးခဲ့ပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – (MYANWEN)နှင့် Pan Pacific Yangon တို့ နားလည်မှုစာချွန်လွှာရေးထိုးရာတွင် MYANWEN ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် Pan Pacific Yangon ၏ Cluster Director of Sales & Marketing ဒေါ်သီတာအေးတို့မှ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြပြီး၊ အသိသက်သေများအဖြစ် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်လင်းလင်းတင် ထွန်း၊ Pan Pacific Yangon ၏ Marketing & Communication Manager မဇွဲလဲ့ကို (ခ) Sayoko တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – (MYANWEN)နှင့် Rakuten Viber တို့ နားလည် မှုစာချွန်လွှာရေးထိုးရာတွင် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအေးအေးမာနှင့် Business Development Manager ဦးရဲထွန်းနိုင်တို့မှ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေဖြင့် ယခုရေးထိုးခဲ့သည့် နား လည်မှု စာချွန်လွှာမှတစ်ဆင့် အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖော်ဆောင်ရာ တွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် စွန့်ဦးတီထွင် မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) နိုင်ငံတကာအဆင့်အထိ ဈေးကွက်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် လိုအပ်သည့် အကြံဉာဏ်များကို ပံ့ပိုး ကူညီသွား မည်ဖြစ်ပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...
ဆက်ဖတ်ရန်မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...
ဆက်ဖတ်ရန်မြန်မာစီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ UMFCCI တွင်...
ဆက်ဖတ်ရန်