ယခုနှစ် Global Entrepreneurship Week – GEW 2023 ဆောင်ပုဒ်ဖြစ်သည့် စွန့်ဦးတီထွင်သူများ ပိုမိုမွေးထုတ်နိုင်စေရန်၊ စွန်ဦးတီထွင်မှုကို ပိုမိုအားပေးအားမြှောက်ပြုလာစေရန် ရည်ရွယ်၍ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း – Myanmar Young Entrepreneurs Association (MYEA) တို့မှ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်းအမှတ်အဖြစ် “Thriving in Uncertainty” Entrepreneurship Dialogue Session စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် (စနေနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ “Thriving in Uncertainty” Entrepreneurship Dialogue Session တွင် Panelist များအဖြစ် ဦးမျိုးကျော်သူ (Co-founder, May Lay Mart Retail Store)၊ ဦးစည်သူဟိန်း @ Steven (Director, Sinma Group of Companies)၊ ဦးအောင်ထက်ဟန် (Managing Director, Fortune Six CO., LTD) ၊ ဒေါ်ထူးသန့်စင် (Founder of BAY DAR & CO, Principle Consultant of Panellist Business Services)၊ ဒေါ်အိမ့်မျက်သွယ် @ Gloria (Founder & CEO, BB Food Myanmar Ltd)၊ ဒေါ်တင်ယုနွယ် (Co-founder & Operation Director, Shwe Taung Nyo Gyi Co., Ltd) တို့မှ ပါဝင် ဆွေးနွေး၍ Moderator အဖြစ် ဒေါ်ရတနာဇော် (CEO-Founder, Golden Vision Myanmar Co., Ltd) မှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ “Thriving in Uncertainty” Entrepreneurship Dialogue Session စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို တက်ရောက်လိုသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူများအနေဖြင့် ယခုပေးပို့ထားသော Link တွင် Register ပြုလုပ်၍ တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။
Registration Link: https://docs.google.com/…/1FAIpQLSdbBoYCYL5…/viewform…
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...
ဆက်ဖတ်ရန်မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...
ဆက်ဖတ်ရန်မြန်မာစီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ UMFCCI တွင်...
ဆက်ဖတ်ရန်