မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်း သား စုံညီအစည်းအဝေး ကျင်းပခြင်း

25 May 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် Pan Pacific Hotel Yangon (Pacific Ballroom) ၌ တက်ရောက်သူ ဦးရေ (၃၀၀) ကျော်ဖြင့် စည်ကားစွာ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းမှ အမှာစကား ပြောကြားပေးခဲ့ပါသည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ် လည် အစီရင်ခံစာနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေးမှ လည်းကောင်း၊ MYANWEN Young Executives ကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များကို ဗဟိုအလုပ်အမှုဆောင် ဒေါ် Rose ခင်မီမီဝင်းမှ လည်းကောင်း၊ နှစ်ပတ်လည် ဘဏ္ဍာရေး ရှင်းတမ်းကို စာရင်းစစ် ဒေါက်တာအေးအေးမာမှ လည်းကောင်း၊ ပြင်ပစာရင်းစစ်အဖွဲ့၏ စာရင်းစစ် အစီရင်ခံစာကို U Than Aung & Associates ၏ Managing Partner ဦးသန်းအောင်မှလည်းကောင်း အသီးသီး ပြောကြားခဲ့ကြပါသည်။

တက်ရောက်လာကြသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ နာယကများ ဖြစ်ကြသော ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာ ဒေါ်ဝင်းမင်းသစ်၊ ဒေါ်လှလှဝေ၊ ဒေါ်စန္ဒာခင်နှင့် ဒေါ်ခင်စံပယ်ကြည်တို့အား ဂုဏ်ပြုပန်းစည်းများကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)နှင့်

🔸SHWE TAUNG Group, Junction Shopping Center

🔸Myanmar Computer Industry Association – MCIA

🔸MYANMAR DIGITAL ECONOMY ASSOCIATION (MDEA)

🔸Myanmar Food Processors and Exporters Association (MFPEA)

🔸Device Business University-DBU

🔸Myanmar Institute of Directors (MIoD)

🔸PRUDENTIAL MYANMAR LIFE INSURANCE LIMITED တို့နှင့် အသီးသီး နားလည်မှုချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် မှ ရှေ့ လုပ်ငန်းစဉ်များနှင့် နိဂုံးချုပ်စကားပြောကြားပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (Myanmar Women Entrepreneurs Network-MYANWEN) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းရှင်များ၏ ဆိုင်ခန်းပေါင်း (၂၀)မှလည်း ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို ခင်းကျင်း ပြသရောင်းချခဲ့ပါသည်။

#myanwen

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်