အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သည့် Networking and Seminar စကားဝိုင်းဆွေးနွေးပွဲအားကျင်းပခြင်း

17 May 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) သည် မြန်မာနိုင်ငံရှိ နိုင်ငံခြားကုန်သည်ကြီးများ အသင်းများဖြစ်သည့် Myanmar Hong Kong Chamber of Commerce and Industry, Thai Business Association of Myanmar, Singapore Association of Myanmar, Malaysia-Myanmar Business Chamber, Association of Indonesian in Myanmar တို့နှင့် ပူးပေါင်း၍ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သည့် Networking and Seminar စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၄ ခု နှစ်၊ မေလ (၁၇) ရက် (သောကြာနေ့) တွင် Sule Square Business Centre ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် Myanmar Hong Kong Chamber of Commerce and Industry ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Cyrus Pun နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစား၊ အငယ် စား၊ အလတ်စား (MSMEs) ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သည့် စကားဝိုင်းဆွေးနွေးပွဲအား ဆက်လက် ကျင်းပခဲ့ရာ Chatrium Hotel Royal Lake Yangon ၏ General Manager ဒေါ်မေမြတ်မွန်ဝင်း မှ Moderator အနေဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ဦးအောင်မြတ်ခိုင် (Group CEO – iCentral Group of Companies, CEO-Central International School, Co-Founder-CAREERUP Institute) ၊ MYANWEN ၏ CEC ဒေါက်တာ အေးအေးမာ (Founder & Academic Director- Business Institute Yangon, Co-founder – Heroes International School), MYANWEN ၏ EC ဒေါ်ဝင်းလဲ့မြရည်စံ (Founder & CEO- The Inspiration) တို့မှ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် ဗဟုသုတအသိပညာများ၊ အတွေ့ အကြုံများအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြပါသည်။

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်