Fashion Extravaganza Gala

31 May 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ၏ Myanwen Young Executives များမှ Fashion Extravaganza Gala ကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ရေး၊ အမျိုးသမီးဦးဆောင် သောစီးပွါးရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Fundraising Gala Dinner အားကျင်းပခြင်း

====================

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ၏ Myanwen Young Executives များမှ Fashion Extravaganza Gala ကို တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ရေး၊ အမျိုးသမီးဦးဆောင် သောစီးပွါးရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Fundraising Gala Dinner ကို ၂၀၂၄ ခုနှစ်၊ မေလ (၃၁) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel, Crystal Ballroom တွင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Fashion Extravaganza Gala တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN)၊ Myanwen Young Executives ၏ အလုပ်အမှုဆောင် Daw Nang Phyu Phong Noi @ Ma Pan မှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့ပြီး Designer Ma Pont, Designer Shar Tra တို့ ဖန်တီးပြုလုပ်ထားသည့် ဒီဇိုင်းများဖြင့် Fashion Show အစီအစဉ်များ၊ နိုင်ငံကျော်တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း အစီအစဉ်များဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

“Fashion Extravaganza Gala by Myanwen Young Executives” အခမ်းအနားတွင် Main Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးသည့် Win & San Diamond and Fine Jewelry, Diamond Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးကြသည့် CKC Jewelry, BLOOM, Burma Beauty Aesthetic & Anti-Aging Clinic, KBZ Bank, Gold Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးကြသည့် Rohto, FVS Finance, SP Bakery, တို့နှင့်အတူ Designer Ma Pont (My Favorite), Designer Shar Tra, မိတ်ကပ် မေဦးမောင်၊ Runway Coach Ko Aung Paing၊ Forever Wedding One Stop Service ၊ In Kind Sponsor ပံ့ပိုးပေးကြသော Euphoria, မြောက်ကျွန်းသူ ပိုးထည်၊ မန္တလေး အမရပူရမှ မဟော်ခင်ပိုးထည်တိုက်၊ Women Transforming Myanmar (WTM), အသင်းဝင်များ၊ အသင်းဝင်များ၏ မိသားစုများနှင့် မိတ်ဆွေများ၊ တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေပေးသည့် တေးသံရှင်များ၊ နိုင်ငံကျော်သရုပ်ဆောင်များ၊ MC အဖြစ်ဆောင်ရွက်ပေးပါသော ဒေါက်တာထူးပြည့်အောင်နှင့် သဇင်နွယ်ဝင်း၊ နှင့်တက်ရောက်ချီးမြှင့်ပေးပါသော ဖိတ်ကြားထားသော ဧည့်သည်များ၊ နှင့်တကွ ယခုပွဲအား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကြသူများအားလုံး၏ ပံ့ပိုးမှုများသည် အသင်း၏ ရည်ရွယ်ချက်များ အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

#myanwen

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်