“Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံ အောင်မြင်စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်”၏ Day 2 and Day 3 မှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်များမှ တက်ရောက်သင်ယူနေသော ပုံရိပ်များ”

14 July 2024

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးပြီး Main Program Partner အဖြစ် Prudential Myanmar Life Insurance. မှ ပူးပေါင်းပါဝင်ထားသည့် ၁၂ ပတ်ကြာမြင့်မည့် “Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံ အောင်မြင်စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်” ၏ ဒုတိယနေ့နှင့် တတိယနေ့များဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့များ တွင် Partner Organization တခုဖြစ်တဲ့ Strategy First University ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် Strategy First University (SFU) မြေနီကုန်း ပန်းခြံတာဝါတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ Program ၏ ဒုတိယနေ့တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ အလုပ်အမှုဆောင် ဒေါ်ဝင်းလဲ့မြရည်စံမှ Navigating the Digital Revolution: A Roadmap for MSMEs ခေါင်းစဉ်ဖြင့်လည်းကောင်း၊ SYSTEMATIC ၏ Founder & CEO ဦးဟိန်းထက်ဇော်မှ Transforming your Business into Digitalization ခေါင်းစဉ်ဖြင့်လည်းကောင်း ပြောကြားခဲ့ပါသည်။

တတိယမြောက်နေ့တွင် Myanmar Computer Industry Association – MCIA ၏ အတွင်းရေးမှူး ဒေါက်တာဇော်လင်းမှ Innovation and Digital Transformation: Staying Ahead in a Competitive Market and Leveraging Technology for Business Growth ခေါင်းစဉ်ဖြင့် Expert Talk ပြောကြားပြီး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (ရှမ်းပြည်နယ်အသင်းခွဲ)၏ ဥက္ကဋ္ဌ ဒေါ်ရတနာ ဇော်မှ Organizational Change Management in the Digital Edge ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Prudential Myanmar Life Insurance ၏ Training Expert ဦးရဲထွဋ်မှ Make it LEAN ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Business Coalition for Gender Equality Association (BCGE) မှ Country Director ဒေါ်ကျော့ကေသီဝင်း၊ Head of Department (Diversity, Equity & Inclusion) Daw Catherine Hone Paing နှင့် Senior Lead (Diversity, Equity & Inclusion) ဒေါ်အေးချမ်းမြေ့တို့မှ Inclusive Communication ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းခဲ့ကြပြီး ဒုတိယနေ့နှင့် တတိယနေ့အစီအစဉ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

#myanwen

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်