Inclusive Digital Initiative Entrepreneurship Program

07 May 2024

#Call_for_applications

“Inclusive Digital Initiative Entrepreneurship Program”

“ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေးလုပ်ငန်းရှင် အစီအစဉ် ”

🔹

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ ပြုလုပ်သည့် “Inclusive Digital Initiative Entrepreneurship Program” တွင် လျှောက်ထားရန် ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေသည့် အမျိုးသား/အမျိုးသမီး မည်သူမဆို တက်ရောက် နိုင်စေရန် ရည်ရွယ်ပြီး အချိန် (၄)လတာ ကြာမြင့်မည့် “Inclusive Digital Initiative Entrepreneurship Program” အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီ ဖြစ်ပါသည်။

ဤအစီအစဉ်တွင် တက်ရောက်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ

✔️စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ စီးပွါးရေးလုပ်ငန်းများကို ပိုမို အဆင့်မြှင့်တင်နိုင်ခြင်း၊

✔️ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်ပြီး ပိုမိုသိရှိနိုင်ခြင်း၊

✔️မိမိတို့၏ စီးပွားရေးလုပ်ငန်းတွေကို ခေတ်နှင့်အညီ တိုးတက်အောင် ချဲ့ထွင်စီမံခန့်ခွဲနိုင်ခြင်း

✔️Digital နည်းပညာ သုံးစွဲ ခြင်းဖြင့် စာရင်း အင်းများ၏ Report များကို မှန်ကန် တိကျ စွာ အချိန် မရွေး သိရှိနိုင်ခြင်း

✔️ထိရောက်သော လုပ်ငန်း ကြေငြာများပြုလုပ်နိုင်ခြင်းနှင့် စျေးကွက်ရှာဖွေခြင်း၊ Branding ပြုလုပ်ခြင်းတို့တွင် သေချာမှုရှိခြင်း

✔️အောင်မြင်နေသော စီးပွားရေး လုပ်ငန်းများမှ လမ်းပြအကြံပေးသူများနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိပြီး ကျွမ်းကျင်သူများထံမှ အကြံဉာဏ်များရရှိကာ မိမိတို့ လုပ်ငန်း၏ စီးပွားရေး စီမံချက်များ (Business Plan) ပြင်ဆင်ရေးဆွဲခြင်းများကို တိုးတက် မြှင့်တင် သွားနိုင်ခြင်း

✔️Seminars ၊ အလုပ်ရုံ ဆွေးနွေးပွဲများ (Workshop)၊ အကြံဉာဏ် ဖလှယ်ကြသော ဆွေးနွေးပွဲများ တွင်လည်း ပါဝင်တက်ရောက်နိုင်ခြင်း

စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းများ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

လေ့လာသင်ယူနိုင်မည့် အကြောင်းအရာများ

✔️Human Resources (HR)

✔️Finance

✔️Operation

✔️Sales and Marketing

✔️Digitalization

✔️Business planning တို့ကို case study ေဆွးနွေးခြင်းများနှင့် သင်ယူရမည်ဖြစ်ပြီးCapacity Building Training, Coaching, Mentoring နှင့် Business Plan ရေးဆွဲခြင်းစသည်တို့ကို လေ့လာနိုင်မည်ဖြစ်ပါသညိ။

ဤအစီအစဉ်တွင် ပါဝင်နိုင်မည့်သူများ

အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသူများ လျှောက်ထားနိုင်ပါသည်။

(၁) လျှောက်ထားသူသည် အသက် (၂၀)နှစ်နှင့် အထက် ဖြစ်ရမည်။

(၂) စီးပွားရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်ဖြစ်ရမည်။

(၃) သတ်မှတ်ချက်နှင့်ကိုက်ညီသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး လျှောက်ထားနိုင်ပါသည်။

(၄) စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော လက်ရှိအခြေအနေတွင် မိမိစီးပွားရေး လုပ်ငန်းများ ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်း ရှိသော တောင့်တင်းခိုင်မာသည့် လုပ်ငန်းများဖြစ်အောင် ကြိုးစားလုပ်ဆောင် လိုသော သင်ယူလိုစိတ်ရှိသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် စီးပွားရေး လုပ်ငန်းများကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိသော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ရမည်။

(၅) လုပ်ငန်းသည် စတင်ချိန်မှစ၍ အနည်းဆုံး တစ်နှစ် သက်တမ်း ရှိရပါမည်။

(၆) ယခုအစီအစဉ်တွင် အွန်လိုင်း (သို့မဟုတ်) လူကိုယ်တိုင် တက်ရောက်ရမည့် သင်တန်းများ ကို (၈၀)ရာခိုင်နှုန်း နှင့်အထက် တက်ရောက်နိုင်သူ ဖြစ်ရမည်။

(၇) အင်တာနက်နှင့် Zoom Application အသုံးပြုနိုင်သူဖြစ်ရမည်။ (video ကိုအသုံးပြုပြီး အစည်းအဝေး နှင့် သင်တန်းများ တက်ရာတွင် အသုံးပြုသည့် အင်တာနက်ပလက်ဖောင်း)

ဤအစီအစဉ်တွင်ပါဝင်ရန် ဇကာတင်ရွေးချယ်မှုများကို အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများအနေဖြင့် စနစ်တကျ အစီအစဉ်ရေးဆွဲထားသော သင်တန်းများတွင် တက်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်သည်။

ဤသင်တန်းကို အောက်ဖော်ပြပါ လင့်ခ်တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ 👇👇

https://tinyurl.com/3d6uhkh2

👉နောက်ဆုံးလျှောက်ထားရမည့်ရက်မှာ (၈.၆.၂၀၂၄) ဖြစ်ပါသည်။

ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းသိရှိလိုပါက ဖုန်း – 09 750054341 (သို့မဟုတ်) အီးမေးလ် khinphyuphyuthan.myanwen@gmail.com သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်