“Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေး လုပ်ငန်းရှင် အစီအစဉ် ” စတင်မိတ်ဆက်ခြင်းအခမ်းအနား

13 July 2024

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးပြုလုပ်ပြီး Main Program Partner အဖြစ် Prudential Myanmar Life Insurance. ၊ Digital Leader Partners အဖြစ် FDB Bank, efi general, KBZ Bank, AYA Pay တို့မှ ပူးပေါင်း ပါဝင်ထားသည့် “ Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေး လုပ်ငန်းရှင် အစီအစဉ်” စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့တွင် Lotte Hotel, Sapphire Ballroom ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် မှ နှုတ်ခွန်းဆက် စကား ပြောကြားပြီး Prudential Myanmar Life Insurance မှ U Tin Tun Zaw – Associate Director , Government Relationship နှင့် Myanmar Computer Industry Association – MCIA ၏ ဒုတိယ ဥက္ကဌ ဦးမျိုးမင်းဦး တို့မှာ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ အလုပ်အမှုဆောင်၊ Inclusive Digital entrepreneurship program ၏ Program Lead – ဒေါ်ဝင်းလဲ့မြရည်စံ မှ “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေး လုပ်ငန်းရှင် အစီအစဉ် ” နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် Myanmar Information Technology – MIT မှ Executive Chairman ဒေါက်တာ ထွန်းသူရသက်မှ Intelligent Enterprise: Envisioning Digital Transformation Roadmap ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Early Dawn Microfinance Co., Ltd. မှ Dy. Chief Information Officer ဒေါက်တာ တင်ဌေးလှိုင် မှ Digital Transformation : Implementation/Execution Keynotes ခေါင်းစဉ်လည်းကောင်း Myanmar Digital Economy Association – MDEA မှ ဥက္ကဌ ဦးအောင်ဇေယျာလွင် မှ Social Engineering Impact on Digital Security ခေါင်းစဉ်ဖြင့် လည်းကောင်း Expert Talk ပြောကြားပြီး တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းပြီး ဖွင့်ပွဲ အစီအစဉ်ကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် နေ့လည်ပိုင်းအစီအစဉ် အဖြစ် AYA Bank မှ Vice Chairman ဦးမြင့်ဇော် မှ Digital in Marketing A B C D ခေါင်းစဉ်ဖြင့် ပြောကြားပြီး၊ Kernellix မှ Founder ဦးရဲသူရသက်နှင့် Yangon School of Social Work မှ Founder ဦးကျော်စစ်နိုင် တို့မှ Generative AI for MSME ခေါင်းစဉ်ဖြင့် ပြောကြားခဲ့ပြီး မေးခွန်းများမေးမြန်းပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
တက်ရောက်လာသူများမှ MYANWEN, Prudential Myanmar Life Insurance. , FDB Bank, efi general, KBZ Bank, AYA Pay , Myanmar Computer Industry Association – MCIA , Myanmar Digital Economy Association – MDEA , City Holdings, မြန်မာ့ခရီးသွားဘဏ် , Strategy First University , KMD Institute , Myanmar Information Technology – MIT , SYSTEMATIC , Power Light Solar , Deco Land နှင့် CCI France Myanmar စသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အခမ်းအနားတွင် Main Program Partner, Digital Leader Partners, Collaboration Partners နှင့် Supporting Partners
များ အဖြစ် ပါဝင်ပံ့ပိုးပေးကြသူများ အားလုံးကို MYANWEN မှ ကျေးဇူးအထူးတင်ရှိပါသည်။

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်