“Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ်နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေးလုပ်ငန်းရှင် အစီအစဉ် ၏ ဒုတိယမြောက်လ (၃) ရက်တာ In-person သင်တန်းတွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်များမှ တက်ရောက်နေသင်ယူနေသော ပုံရိပ်များ”

13 August 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးပြီး Main Program Partner အဖြစ် Prudential Myanmar Life Insurance. မှ ပူးပေါင်း ပါဝင်ထားသည့် ၁၂ ပတ်ကြာမြင့်မည့် “Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်” ၏ ဒုတိယမြောက်လ၏ (၃) ရက်တာ သင်တန်းအား KMD Institute ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် KMD Institute ပြည်လမ်း Campus တွင် ပြုလုပ်ခဲ့ပါသည်။

သင်တန်းပထမနေ့ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး များကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ အဖွင့် အမှာစကား ပြောကြား၍ MYANWEN ၏ Digital Learning & Platform Committee ဥက္ကဋ္ဌဒေါ်ခိုင်ဝေသွယ်မှလည်း အမှာစကားပြောကြားခဲ့ပါ သည်။ ထို့နောက် Kernellix ၏ Founder ဦးရဲသူရသက်နှင့် Yangon School of Social Work ၏ Founder ဦးကျော် စစ်နိုင်တို့မှ AI Marketing ခေါင်းစဉ်ဖြင့် Expert Talk ပြောကြားခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် Prudential Myanmar Life Insurance ၏ Associate Director, Government Relationship ဦးတင်ထွန်းဇော်မှ Know Your Audience ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ MYANWEN ၏ အလုပ်အမှုဆောင် ဒေါ်ချိုသီရိမောင် (Managing Director, Makikha Power Engineering Limited) မှ Business Model Canvas အား သင်ကြားပို့ချခဲ့ကြရာ တက်ရောက်သူ သင်တန်း သား/သူများမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြပြီး၊ သိလိုသည်များအား မေးမြန်းခဲ့ကြပါသည်။

ဒုတိယမြောက်နေ့ နံနက်ပိုင်းတွင် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအေးအေးမာ (Founder-cum-Academic Director, Business Institute Yangon (BIY)) မှ Finance ဘာသာရပ်အားသင်ကြားခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် အမေရိကန်နိုင်ငံ Harvard University တွင် ပညာသင်ယူနေသည့် Ms. Sammy Tin မှ The Power of Public Speaking: From the Story to the Pitch ခေါင်းစဉ်ဖြင့် လည်းကောင်း၊ MYANWEN ၏ အလုပ်အမှုဆောင် ဒေါ်ဝင်းလဲ့မြရည်စံ (CEO, The Inspiration) မှ Digital Tools for MSME and DX Plan ခေါင်း စဉ်ဖြင့်လည်းကောင်း သင်ကြားခဲ့ကြရာ သင်တန်းသား/သူများမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့၍ သိလိုသည်များအား မေးမြန်းခဲ့ကြပါသည်။

သင်တန်းတတိယမြောက်နေ့ နံနက်ပိုင်းတွင် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်ရတနာဇော် (CEO-Founder, Golden Vision Myanmar Co., Ltd) မှ Human Resources ဘာသာရပ်အား သင်ကြားခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် ဦးဝင်းသူအောင် (Associate Professor, Strategy First) မှ Digitalization ဘာသာရပ်အား သင်ကြားခဲ့ကြရာ တက်ရောက်သူ သင်တန်းသား/သူများမှ လက်တွေ့လေ့ကျင့်ဆောင်ရွက်ခြင်းများကို တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ပြီး၊ ဒစ်ဂျစ်တယ်နည်း ပညာသုံး ဘက်စုံအောင်မြင် စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်၏ ဒုတိယမြောက်လ (၃) ရက်တာ In-person သင်တန်းအောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

#myanwen

Related Articles

07 December 2024

“မြန်မာရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...

ဆက်ဖတ်ရန်
02 December 2024

မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women...

မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...

ဆက်ဖတ်ရန်
02 December 2024

Small and Medium...

မြန်မာစီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ UMFCCI တွင်...

ဆက်ဖတ်ရန်