𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 – 𝗠𝗬𝗔𝗡𝗪𝗘𝗡 (မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် ) ၏ (၂၆ ) ကြိမ်မြောက် Made In Myanmar Local Product Fair
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 – 𝗠𝗬𝗔𝗡𝗪𝗘𝗡 (မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် )မှ စီစဉ်ပြီး The Official Banking Partner အဖြစ် AYA Bank နှင့် Venue Partner အဖြစ် Junction City တို့မှ ပူးပေါင်းပါဝင် ထားသည့် (၂၆ ) ကြိမ်မြောက် Made In Myanmar Local Product Fair ကို Junction City, Promotion Area – Level-2 မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီ ဖြစ်ပါတယ်။
Made In Myanmar Local Product Fair ဆိုတဲ့ အတိုင်း မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်သော အရည်အသွေးမြင့် စိတ်ဝင်စားစရာ မြန်မာ့ရိုးရာစားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများ ပါဝင်သည့် ကုန်အမှတ် တံဆိပ်ပေါင်း များစွာမှ မြိုင်ဆိုင်စွာ ပါဝင်ပြသရောင်းချပေးနေပြီ ဖြစ်ပါတယ်။
တည်နေရာ : Junction City, Promotion Area – Level-2
နေ့ရက် : 22.7.2024 မှ 26.7.2024
အချိန် : နံနက် (၉) နာရီ မှ ည (၇) နာရီ ထိ
Made In Myanmar Local Product Fair ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ –
ပြည်တွင်းရှိ 𝗠𝗦𝗠𝗘 လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်
ပြည်တွင်းဖြစ်ပစ္စည်းများ ပြည်တွင်းသာမက ပြည်ပ ဈေးကွက်များ အထိပါ ထိုးဖောက် ချဲ့ထွင်ပြီး ဈေးကွက်ရရှိလာစေရန်
မိမိတို့ကုန်ပစ္စည်းများ ခိုင်မာသောကုန်အမှတ်တံဆိပ်တစ်ခုအနေဖြင့် ဈေးကွက်နေရာ ရလာစေရန် နှင့်
ဈေးကွက်လိုအပ်ချက်အရ အဆင့်မှီပြီး ရေရှည် တည်တံ့သော လုပ်ငန်းများ ဖြစ်လာစေရန် တို့ဖြစ်ပါတယ်ရှင်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...
ဆက်ဖတ်ရန်မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network...
ဆက်ဖတ်ရန်မြန်မာစီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ UMFCCI တွင်...
ဆက်ဖတ်ရန်