Myanmar Climate Action Week 2024 (MCAW 2024) တွင်ပြုလုပ်ကျင်းပသည့် စကားဝိုင်း ဆွေးနွေး ပွဲတွင် ပါဝင်ခြင်း

25 June 2024

UN-Habitat Myanmar နှင့် M-CAN တို့မှကျင်းပပြုလုပ်သော Myanmar Climate Action Week 2024 (MCAW 2024) အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ Wyndham Grand Yangon (Grand Ballroom) တွင် ကျင်းပရာ ဒုတိယမြောက်နေ့ ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် “Building Resilience in a Polycrisis”ခေါင်းစဉ်ဖြင့် High-level panel discussion တွင် UN-Habitat Myanmar ၏ Programme Specialist ဖြစ်သူ Mr. Shashank Mishra မှ Moderator အနေဖြင့် ဆောင်ရွက်ပြီး၊ The World Bank ၏ Senior Agriculture Specialist ဖြစ်သူ Mr. Valens Mwumvaneza, IFRC Myanmar Delegation ၏ Head of Delegation ဖြစ်သူ Ms. Nadia Khoury, WHO Representative to Myanmar Dr. Thushara Fernando, Asian Institute of Technology ၏ Professor of Energy and Climate Policy ဖြစ်သူ Prof. Shobhakar Dhakal တို့နှင့်အတူ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်- Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင်ကျင်းပသည့် Consumer Rights in the era of Climate Change ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင်လည်း မြန်မာစားသုံးသူများသမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါ်ကေသီမှ Moderator အနေဖြင့် ဆောင်ရွက်ကာ ဦးဇင်မင်းသန်း DRR Specialist (Freelance) ၊ Yangon School of Social Work ၏ Founder ဖြစ်သူ ဦးကျော်စစ်နိုင် ၊ မြန်မာစားသုံးသူများသမဂ္ဂ၏ Technical Advisor ဖြစ်သူ ဒေါက်တာမိုမိုတင်တို့နှင့်အတူ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (ရှမ်းပြည် နယ် အသင်းခွဲ)၏ အထွေထွေအတွင်းရေးမှူး ဒေါ်သီတာဝင်း (CEO, Plan Bee Social Enterprise) မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။

ထို့အတူ Myanmar Climate Action Week 2024 (MCAW 2024) ၏ ပဥ္စမမြောက်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင်လည်း မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ MSME အသင်းဝင်များဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ၏ ဆိုင်ခန်းပေါင်း (၃၀) မှလည်း Recycle, Reduce, Reused နှင့် ဆက်စပ်သည့် products များအား ပါဝင်ခင်းကျင်းပြသ သွားမည်ဖြစ်ပါသည်။

#myanwen

Related Articles

22 July 2024

Made In Myanmar...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
16 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်
14 July 2024

“Inclusive Digital Initiative...

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women...

ဆက်ဖတ်ရန်