မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)နဲ့ Business and Professional Women Federation Myanmar (BPW Myanmar) မှ မိမိတို့၏ အသင်းဝင် Member များ လူမှုဆက်ဆံရေးနယ်ပယ်၊ လုပ် ငန်းဆောင်ရွက်တဲ့နယ်ပယ်တွေမှာ ဆက်သွယ်ဆောင်ရွက်ရာတွင် စနစ်ကျပြီး ယုံကြည်မှူမြင့်မားစေရန် ရည်ရွယ်ပြီးတော့ Professional Etiquette & Grooming Essentials ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့မှာ Pan Pacific Yangon (Ballroom 1) တွင် ကျင်းပခဲ့ပါတယ်။
Professional Etiquette & Grooming Essentials ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်းအား May Chelsea Personality Development School ၏ Founder ဖြစ်သူ Daw Annie Nilar Sein မှ Professional ပီပီသသ သိမ်မွေ့ညင်သာစွာ ပြောဆိုဆက်ဆံရေးနည်းလမ်း Etiquette တွေ၊ စားသောက် နေထိုင်ရာမှာ လိုက်နာရမယ့် အပြု အမူတွေ၊ ဖက်ရှင်နဲ့ လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်ပုံတွေ၊ မျက်နှာလိမ်းချယ် နည်းတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည် မှုတည်ဆောက်ရာမှာ လိုအပ်တဲ့အပိုင်းတွေကို မျှဝေ ပေးခဲ့ရာ အသင်းဝင် Member များမှလည်း စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့ပြည်တွင်းချည်ထည်လုပ်ငန်းလုပ်ကိုင်ကြသူများ၊ ချည်ထည်ပစ္စည်းများ ထုတ်လုပ်ရောင်း ချနေကြသူများနှင့် ရက်ကန်းဖြင့်...
ဆက်ဖတ်ရန်